ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်

ကျွန်းလှ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲ (ဒုတိယအကြိမ်) ပြန်လည်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၄၈) စာရင်းရှိပြီး (၂၄၄) ဦးဖြေဆိုခဲ့ကြောင်း၊ အောင်မြင်သူ ကျောင်းသား (၅၆) ဦး၊ ကျောင်းသူ (၁၀၄) ဦး စုစုပေါင်း (၁၆၀) ဦး အောင်မြင်ပြီး လေးဘာသာ (၅) ဦး၊ သုံးဘာသာ (၇) ဦး၊ နှစ်ဘာသာ (၁၁) ဦး၊ တစ်ဘာသာ (၂၈) ဦး ဂုဏ်ထူးဖြင့်အောင်မြင်သူ (၅၁) ဦးဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ