သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအသိပညာပေး အခမ်းအနားကျင်းပ
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးအခမ်းအနားကို ဇူလိုင်လ(၂၅)ရက်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဝါးခယ်မတွင် ဘုန်းတော်ကြီးကျောင်း၊ သီလရှင် စာသင်တိုက်များရှိ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ ဆီဆွမ်းနှင့် ကိုယ်ရုံများလှူဒါန်း
Jul 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များ၌သီတင်းသုံးတော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ ဆီဆွမ်းနှင့် ကိုယ်ရုံများလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက် သံဃာရာမဓမ္မဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 27,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်တို့က မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ၂၀၂၅ -ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်း​​​ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်း အသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒီရေတောဂေဟစနစ်များ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုက ပိုမိုအလေးထား ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေကျော်-ဘိုက‌လေးကျေးရွာ ဒီရေတာကြိုးပြင်ကာကွယ်တော၊ ဘိုကလေးကျေးရွာ ချောင်းနံဘေးတွင် ကျင်းပခဲ့သည်။
မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jul 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၂၅၈၀)ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
Jul 27,2025
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊‌ သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်တတ်‌ရောဂါများနှင့် မကူးစက်တတ်သောရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်မးရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဌာနမှဦးဆောင်ကာ အရှိန်အဟုန်မြှင့် စုပေါင်း‌ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ ဝါးခယ်မမြို့နယ်  ကျွန်းကုန်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအား ကွင်းဆင်း ဆေးကုသပေး
Jul 27,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက်  ၈ နာရီက ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာသို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။