သတင်းများ

အင်းစိန်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric ကွင်းဆင်းဆောင်ရွက်
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယ‌မန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် အရှေ့ကြို့ကုန်းရပ်ကွက်များသို့ ကွင်းဆင်ဆောင်ရွက်‌ပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငလျင်ဘေး ဇတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်
Jul 27,2025
နေပြည်တော်စိမ်းလမ်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယ ဘုရားအနီး၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)၊ အမှတ်(၁၅၆)ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းနှင့် နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
မတ္တရာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများပြောကြား
Jul 27,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ဝသုန္ဒရကျေး ရွာအုပ်စု၊ ဝသုန္ဒရကျေးရွာ အနီးတစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခြင်းကို ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ ကုန်းပေါ်စုကျေးရွာ၊ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Jul 27,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမျှောင်ကျေးရွာအုပ်စု၊ ကုန်းပေါ်စုကျေးရွာ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ် ကျောင်းရာကန်ကျေးရွာ၌ စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကြည့်ရှုအားပေးပြီး အထွက်နှုန်းကောင်းမွန်ရေးမှာကြား
Jul 27,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းအထူးကောင်းမွန်ရေးတို့ဦးတည်၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည်စိုးသည် ဌာနတာဝန်ရှိသူများ ၊ အသင်း တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ်လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာ တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယအသင်းသား တောင်သူဦးမောင်နီ၏ မိုးဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ ပြုပြင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး
Jul 27,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စုပေါင်းဝန်ထမ်းအိမ်ရာများ၊ အခြေခံပညာကျောင်းနှင့် ရုံးများ ပြုပြင် တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Jul 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် (၈)နာရီအချိန်က အထက(တနင်္သာရီ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။