မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ

မိုင်းတုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းတုံ)တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အ.ထ.က(မိုင်းတုံ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်း/ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၄၄)ဦး၊ စုစုပေါင်း(၅၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပြင်ပမှ ဖြေဆိုအောင်မြင်သူ ကျောင်းသား (၃)ဦး၊ ကျောင်းသူ (၈)ဦး၊ စုစုပေါင်း(၁၁)ဦး အောင်မြင်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများသည် အတွင်းဖြေ ကျောင်းသား/ကျောင်းသူများဖြစ်၍ ရိုးရိုးတန်းဖြင့်သာ အောင်မြင်သူများရှိပြီး အ.ထ.က(မိုင်းတုံ)စာစစ်ဌာန၏ အောင်ချက်ရာခိုင်နှုန်းမှာ(၁၈ ဒသမ ၆၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းဝင်းခိုင် (မြို့နယ် ပြန်/ဆက်)