အ.ထ.က(မိုင်းကိုင်)စာစစ်ဌာန၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ကပ်ထားကြေညာ

မိုင်းကိုင် ဇူလိုင် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌ ကပ်ထားကြေညာလျက်ရှိသည်။

မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ကျား ၄ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၁၉ ဦး ရှိသည့်အနက် ဖြေဆိုအောင်မြင်သူ  ကျား ၁ ဦး၊ မ ၉ ဦး၊ ပေါင်း ၁၀ ဦး ဖြစ်ပြီး ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်း ၅၂.၆၃ % ရှိကြောင်း  သက်ဆိုင်ရာပညာရေးဌာန၏ စာရင်းများ အရ သိရှိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ကပ်ထားကြေညာရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စိတ်အေးချမ်းသာယာစာ လာရောက်ကြည့်ရှုနိုင်ရေးအတွက် နယ်မြေခံတပ်မှ အရာရှိနှင့်စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့မနက် ၄ နာရီ ၃၀ အချိန်မှစ၍  လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး  တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)