မိုင်းခတ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က မိုင်းခတ်မြို့နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တို့တွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မိုင်းခတ်)စာစစ်ဌာန(၁)ခု၌ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၂၅)ဦးတွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ဝင်ရောက်ဖြေဆိုရာ(၃) ဦးအောင်မြင်၍ မိုင်းခတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၁၂.၀၀%) ရှိကြောင်း မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)