သတင်းများ

မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်း "ပဒေသာကပွဲ" အခမ်းအနား ကျင်းပ
Mar 22,2025
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် အချိုရည်များ တိုက်ကျွေး
Mar 22,2025
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၁၉ ရက်မှ ၂၁ ရက်အထိ ပန်းချီဆရာ ဦးမော်စန်း(မြောက်ပြင်တာ်က ကိုရွှေမော်)က သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ နွေရာသီအားကစားသင်တန်း တက်ရောက်နေသော လူငယ်မောင်မယ်များအား အချိုရည်ဘူးများ ပေးအပ်လှူဒါန်း
Mar 22,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ နွေရာသီ အားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စာရိတ္တနှင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားနည်းအလိုက် နည်းစနစ်များနှင့် ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က စာအုပ်စာစောင်များ လာရောက်လှူဒါန်း
Mar 22,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များက စာအုပ်စာစောင်များကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 22,2025
ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန် စာမေးပွဲကို ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်ဆဲ ဖြစ်သော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အဆိုပါဗိမာန်ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကော့သောင်းမြို့နယ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း‌ အစည်းအဝေး ပြုလုပ်
Mar 22,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လဝကဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်  ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု
Mar 22,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိပြီး မတ်လ(၂၁)ရက်နေ့တွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြသည်။
ဖောင်းပြင်မြို့နယ်မှ တောင်သူများ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ပဲအထွက်နှုန်းကျဆင်းပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဆုံးရှုံးနစ်နာမှုများရှိ
Mar 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူအများစုသည် ဆောင်းသီးနှံ ပဲမျိုးစုံကို ရိတ်သိမ်းကြပြီးဖြစ်ရာ သီးနှံအထွက်နှုန်းကျဆင်းသည့်အပြင် ရောင်းချချိန် သီးနှံဈေးနှုန်းနည်းသဖြင့် စိုက်ပျိုးသည့် ကုန်ကျစရိတ်နှင့်မကိုက်ညီပဲ တောင်သူများ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း ပိုးစာကုန်းကျေးရွာမှ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။