ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်
Jul 27,2025
ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “ဒီရေတောများ သားစဉ်မြေးဆက်ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာမြှင့်တင်ပေး”ဆိုသည်နှင့်အညီ ဒီရေတောဂေဟစနစ်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုက ပိုမိုအလေးထား ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သစ်တောဦးစီးဌာနကကြီးမှူး၍ “၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်း၊ ကုလားဝဲတံတားအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။