အမ်း ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ယာဉ်မတော်တဆမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုမဖြစ်စေရေးအတွက် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာဉ်လမ်းစည်းကမ်း အသိပညာပေးရာတွင် အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ်သန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်မွန်ဖြိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့တွင်းသွားလာနေကြသည့် ခရီးသွားမော်တော်ယာဉ်၊ အိမ်စီးမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင် ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည်သူများအား မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်သူနှင့် မော်တော်ယာဉ် စီးနင်းလိုက်ပါသူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ကြရန်၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အထိ မဆင်မခြင်(သို့) အရှိန်ပြင်းစွာ ပေါ့လျော့စွာ မောင်းနှင်ခြင်းမပြုရ၊ မူးယစ်ဆေးဝါး/ အရက်သေစာသုံးစွဲကာ ယာဉ်ကိုမောင်းနှင်ခြင်းမပြုရ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုခြင်း၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် မောင်းနှင်သူနှင့် စီးနင်းသူတို့တွင် ဆိုင်ကယ်စီးဦးထုတ်စနစ်တကျ ဝတ်ဆင်မှုရှိခြင်းတို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း လက်ကမ်းစာစောင်(၁၅၀) စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း