တံတားဦး ဩဂုတ် ၂၅
တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာကျောင်းများအခြေပြု ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေနံနက်(၁၀)နာရီက အ.ထ.က ၊ တံတားဦးကျောင်း၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦး ကျောင်းသား/သူများအနေဖြင့်အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရ(၃)အုပ်စုဆိုင်ရာ အကြောင်းအရာများ၊ မိုးရာသီတွင် ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့်ရှင်းးလင်းပြီး ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေကြားပေးကြည် ။
ထို့နောက်ကျောင်းသား/သူများအား အရပ်၊ ကိုယ်အလေးချိနတိုင်းတာခြင်း၊ အရေအပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်း စသည့်ကျန်းမာရေးဆိုင်ရာများကို သွဦးဘက်ဆိုင်ရာဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)