ရန်ကင်း ဇူလိုင်၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် တာ၀န်ရှိသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ(၂၅)ရက်နေ့နံနက် (၁၀)နာရီ အချိန်မှ(၁၂)နာရီအချိန်ထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်မှ ကင်းဝေးစေရန်၊ စည်းကမ်းတကျ လိုက်နာကျင့်သုံးတတ်စေရန်နှင့် အသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယာဥ်ထိန်းတပ်ဖွဲ့ စု(၃၆)မှဒုရဲမှူးမျိုးဇော်ထွန်း၊ MORSမှ ဦးလျန်ကျင့်မန်နှင့် က.ည.နမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်တို့က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းများအား လက်တွေ့သရုပ်ပြရှင်းလင်း ပြောကြားပေးခဲ့ပြီးယာဉ်ထိန်းတပ်ဖွဲ့၀င်များက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်နှင့် ကျောင်းသား/သူ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး(ပြန်/ဆက်)