ကျောက်တံတားမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တံတား   ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်း (ကျောက်တံတား) ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ Grade-4 အတန်းမှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးကဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ဆုလက်ဆောင်များပေးအပ်သည်။ထို့နောက် Grade-5 အတန်းမှ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်