မိုင်းခတ်မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးများအား ရုပ်ပြပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့်ဂိမ်းကစားပြိုင်ပွဲများပြုလုပ်ပေး

မိုင်းခတ် စက်တင်ဘာ ၁ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ကလေးများအတွက်ဂိမ်းကစားခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြသည့် စာကြည့်တိုက်မှူးဒေါ်နန်းခင်ညွန့်က ကလေးများအား  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေမှုကော်မတီမှ ထုတ်ဝေသည့် ကလေးရုပ်ပြပုံပြင်စာအုပ်များအား ဖတ်ပြခြင်း၊ အငယ်တန်းစာရေး ဒေါ်ငြိမ်းငြိမ်းအောင်နှင့် ကလေးများက ပျော်ရွှင်စွာဂိမ်းများကစားခဲ့ကြပြီး က‌လေးများအား အချိုရည်နှင့်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)