အုတ်ဖို စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က အုတ်ဖိုတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်း ၈/ ၂၀၂၃ ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် လက်တွေ့သင်ကြားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှ ဦးစီး၍ သင်တန်ဆရာများက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာ ရွေးချယ်ခြင်း၊ ပတ်တီးစီးခြင်း၊ ရှော့လက္ခဏာအကြောင်းနှင့် ရှေ့ဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို လက်တွေ့သင်ကြားပို့ချပေးလျက် ရှိကြောင်း၊ သင်တန်းသားသင်တန်းသူ (၁၀၀) ဦး တက်ရောက်သင်ယူလျှက်ရှိကြောင်း သိရသည်။
အောင်သူ အုတ်ဖို