လယ်ဝေးမြို့နယ်၊ အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

လယ်ဝေး စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်နန္ဒာစရိယအား ဂုဏ်ပြုပူဇော်ပွဲနှင့် ၂၀၂၃ - ခုနှစ်၊ ပညာသင်နှစ် စာအောင်သံဃာ ဂုဏ်ပြုဆုပေးပွဲအခမ်းအနားအား ယမန်နေ့က ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ကြည်ညို ပူဇော်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တကုမာရထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင် နန္နာစရိယအား ဂုဏ်ပြုပူဇော်ကာ စာ​အောင်ဆုရ သံဃာ ၂၄ ပါးတို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)