သတင်းများ

ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၄) ကျောင်း ယာယီပိတ်ထား
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့် တက်လာခြင်းနှင့်အတူ အခြေခံပညာကျောင်း (၄)ကျောင်းကို စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားကြောင်း ညောင်ဦးခရိုင် ခေတ္တပညာရေးမှူး ဦးအောင်ဌေး ထံမှသိရသည်။
ပလောက်မြို့၌ ယခုနှစ် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပ
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ လူငယ်သီတင်းပတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
တောင်သာမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၌ ယမန်နေ့နံနက် ၉ နာရီက ဒေသအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားရေး၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်အချိန်နှင့် တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2023
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
တောင်သာမြို့နယ်၊  ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်တံတား( Slab Curvert)တစ်စင်း  ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Slab Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ် လူငယ်သီတင်းပတ် အစီအစဉ် ဖွင့်ပွဲသို့ တက်ရောက်အားပေး
Sep 06,2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များသည် အဓိက စွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ခြင်းကြောင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်၏ လူငယ်သီတင်းပတ် (Youth Week) လှုပ်ရှားမှုများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။