တောင်သာမြို့နယ်၊  ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်တံတား( Slab Curvert)တစ်စင်း  ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

တောင်သာ စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Slab Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အလျား ၁၈ ပေ၊ အနံ ၃၊ အမြင့်  ၃  ပေရှိ  Slab Curvert   တံတား တည်ဆောက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားမှု၊  လုပ်ငန်း ခွင် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားမှု၊ လုပ်ငန်းဆိုင်းဘုတ်များ ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားခဲ့သည်။

အဆိုပါ ဇီးပင်ကန်ကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ Slab curvert တံတားအား ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ၄.၁၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနူန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ဇီးပင်ကန်ကျေးရွာနှင့် ယင်းကုန်ထုတ်လမ်းကိုအသုံးပြုသော အင်ကြင်းသာတောကျေးရွာရှိ စုစုပေါင်းအိမ်ခြေ(၂၂၅)အိမ်၊ လူဦးရေ (၁၂၈၃)ဦးအတွက် ထွက်ကုန်၊ ထုတ်ကုန်များ စျေးကွက်သို့ လျင်မြန်စွာ အချိန်မီပေးပို့နိုင်မည့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)