သတင်းများ

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင်(၇) ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်း အနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ‌သီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားရှိပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၆ စင်တီမီတာရောက်ရှိနေ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီအချိန် ဧရာဝတီမြစ် ရေတိုင်းထွာမှုအရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၁၂၆ စင်တီမီတာ ရောက်ရှိနေကာ ၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဒေါ်ခင်လှနုထွေးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ဒုတိယအကြိမ် မြစ်ရေဝင်ရောက်
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့အပါအဝင် ကျေးရွာ(၁၁)ရွာ၌ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် မြစ်ရေဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
မအူပင်မြို့တွင် စားအုံးဆီနှင့် ဆန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိ
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၃) ရပ်ကွက် မင်းဧရာတံတားအနီး အခွန်လွတ်ဈေးနှင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၁၁) ရပ်ကွက်၊ အမှတ် (၁၂) ရပ်ကွက်များရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက စားအုန်းဆီနှင့် ဆန်များအား ရောင်းချပေးခဲ့သည်။
မိုးမိတ်မြို့၌ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 05,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းနှင့် ဒေသခံ ပြည်သူများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မိတ္ထီလာမြို့ ပေါက်ချောင်းဈေး၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ
Sep 05,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာမြို့ ပေါက်ချောင်းဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
  ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေး
Sep 05,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာ ကျန်းမာရေးဝန်ထမ်းများက ကထိုးနှံပေးလျက်ရှိကြသည်။  
ကျောက်ဆည်မြို့နယ်ရဲကြီးကျေးရွာတွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲကြီးကျေးရွာတွင် ဈေးကွက်ကောင်းလျက်ရှိသော ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။