ရွှေပြည်သာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေပြည်သာ စက်တင်ဘာ ၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများအား ဝန်ဆောင်မှုပေးနေသောဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ပြည်သူများတိုင်ကြားရန်၊ Online မှတဆင့်လည်း တိုင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို အသိပညာပေး ရှင်းလင်းပြောကြား‌သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/ သူများတက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)