သတင်းများ

တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်ပန်းကျေးရွာ ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်
Sep 05,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေါင်းကွဲကျေးရွာအုပ်စု သင်ပန်းကျေးရွာ သန့်ရှင်းသောသောက်သုံးရေရရှိရေး ရည်ရွယ်ချက်ဖြင့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ(၂၀၀၀)ဆံ့ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ဖြူ-အရှေ့ကံတွင်း - ပခုက္ကူကားလမ်း ချစ်ချောင်းရေကျော်လမ်းလွှဲပြုပြင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 05,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ -အရှေ့ကံတွင်း - ပခုက္ကူ ကားလမ်း မိုင်တိုင်အမှတ် ၁၃မိုင် ၃ ဖာလုံနှင့် ၅ ဖာလုံအကြားရှိ ချစ်ချောင်းရေကျော် လမ်းလွှဲပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းဆွတ် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဇွန်လ ၂၈ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရန် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများဆေင်ရွက်
Sep 05,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင်(၇) ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်း အနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ‌သီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားရှိပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၆ စင်တီမီတာရောက်ရှိနေ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီအချိန် ဧရာဝတီမြစ် ရေတိုင်းထွာမှုအရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၁၂၆ စင်တီမီတာ ရောက်ရှိနေကာ ၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဒေါ်ခင်လှနုထွေးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ဒုတိယအကြိမ် မြစ်ရေဝင်ရောက်
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့အပါအဝင် ကျေးရွာ(၁၁)ရွာ၌ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် မြစ်ရေဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။