သတင်းများ

တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းဘောင်အား စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေးနှင့် ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်ဘောင်အား ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်း လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်း ကျင်းပ
Sep 05,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မလွန်ဈေးဆန်လှူအသင်းကြီးမှ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောင်းတိုက်များအတွက် (၇)ကြိမ်မြောက် ဆွမ်းဆန်တော်များ လှူဒါန်း
Sep 05,2023
မန္တလေးမြို့ မလွန်ဈေးဆန်လှူအသင်းကြီး၏ (၁၂၇)နှစ်မြောက်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သီလရှင် စာသင်တိုက်များအတွက် (၇)ကြိမ်မြောက် ဆွမ်းဆန်တော် လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာသရက်တောကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ ပေါလောက်ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 05,2023
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊   ပထမ(၃) လပတ်အတွက်ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ်များအတွက်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  ကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၇ မိနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉နာရီက မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရဝန်ကြီး ဦးစန်းကိုနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးခရိုင်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း
Sep 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၅ ရက် နေ့လယ် ၂ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာအထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး
Sep 05,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကရင်ပြည်နယ်၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။