သတင်းများ

ကျုံပျော်တွင် ပြည်သူများအတွက် ဧည့်မထဆန် တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေး
Sep 06,2023
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆန်စပါးကုန်သည်အသင်း လုပ်ငန်းရှင်းများက ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ  ရောင်းချပေးခြင်းကို ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ မြို့မဈေးအနီး၌ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲ အချိန်က စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရည်ရွယ်ကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Sep 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့နယ်၌ ဗလငါးတန်ဖွံဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Sep 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်   ဦးတည်ချက်နှင့်အညီ လူငယ်များအားစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ထရန်ဒမ်း)၌ ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Sep 06,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်သည့် ၂ဝ၂၃ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး) ဆုချီးမြှင့်ပွဲ အခမ်းအနား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုး‌အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားများနှင့် ရိုးရာခြင်းလုံးဝါသနာရှင်များ တက်ရောက်ကြပြီး ဆုရရှိကြသော မဟာအောင်မြေမြို့နယ် အမျိုးသား၊ အမျိုးသမီးအသင်း၏ ရိုးရာခြင်းခတ်ပြသမှုအစီအစဉ်ကို ကြည့်ရှုအားပေးသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲစတင် ကျင်းပ
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံး အမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ စတင်ကျင်းပကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေး
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၂)ပြည်နှုန်းစီရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် လောကမှန်ကူဘုရား မုခ်ဦးရှေ့တွင် ရောင်းချပေးခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကျင်းပ
Sep 06,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကို စက်တင်ဘာလ(၄)ရက်မှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။