မလှိုင်မြို့၌ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ (၉၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ (၉၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၏လမ်းညွှန်မှုဖြင့် ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ (၅.၉.၂၀၂၃ ရက်နေ့မှ ၂၂.၉.၂၀၂၃)ရက်နေ့အထိ (၁၈)ရက် တိုင်တိုင် မြို့ခံဈေးသည်နှင့်အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချမည့် ဈေးသည်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။