အမ်း စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၇ မိနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ (၉၄၈.၈၀၀)ကျပ်သန်းဖြင့် Arakan Universe Co., Ltd. ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းအား ၂၈-၈-၂၀၂၃ ရက်နေ့မှ စတင်ဆောင်ရွက်ပြီး ၁၅-၃-၂၀၂၄ ရက်နေ့တွင် လုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြရာ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းအား Arakan Universe Co., Ltd. ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်၊ Arakan Universe Co., Ltd. ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဌေးလင်းတို့က မင်္ဂလာပန္နက်တိုင်များကို စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက Arakan Universe Co., Ltd. ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း