တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းဘောင်အား စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေးနှင့် ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်   စက်တင်ဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်ဘောင်အား ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်း လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းသည် သီးနှံမျိုးစုံ (၇၁၄)ဧကအား စိုက်ပျိုးရေများပေးဝေနေသည့် မြောင်းတစ်ခုဖြစ်ကြောင်းနှင့် မြောင်းဘောင်ကြံ့ခိုင်ရေး၊ ရေအားပမဏပြည့်ဝစွာပေးနိုင်ရေး၊ ရေစီးရောလာကောင်းမွန်ရေးနှင့် မြောင်းအဆုံးမြောင်းအဖျားအထိ စိုက်ပျိုးရေများပေးဝေနိုင်ရေး၊ ခွင့်ပြုရန်ပုံငွေ (၁၈၂၈၂၀၀၀)ကျပ်အကုန်အကျခံကာ ရေတိုက်စားခဲ့သည့် မြောင်း၏ပေတိုင်အမှတ် အာဒီ(၁၅+၇၀၀)နေရာအား မြောင်း၏ ဝဲဘက်တွင် အရှည်(၈၂)ပေနှင့် ယာဘက်တွင် အရှည်(၆၈)ပေအား  ကျောက်သားနံရံစီခြင်းနှင့် မြောင်ဘောင်ပေါ်တွင်သွားလာသည့် ပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရေး သက်စောင့်တိုင်များစိုက်ထူပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေး စိုက်ပျိုးရေများပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံအောင်မြင်စွာ ရေများပေးဝေနိုင်ရေး အားနည်းချက်များရှိသည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)