သရက်ချောင်း စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောရာတွင် သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ကျောင်းသား/သူများအား နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောကာ ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)