သတင်းများ

တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Sep 06,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း နေမျိုးစည်သူခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ ဆင်ဖြူရှင်ခန်းမ၌ (၂၄) ကြိမ်မြောက် မြန့်မာ့ရိုးရာယဉ်ကျေးမူဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပ မည့်နေရာအုပ်ချုပ်ရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေးအား ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာအိတ်များထောက်ပံ့
Sep 06,2023
ကရင်ပြည်နယ်အတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေများ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ကျွဲ၊နွားတိရစ္ဆာန်များ၏ စားကျက်၊ အစာစိုက်ခင်းနှင့် သိုလှောင်ထား သောအစာများရေလွှမ်းခဲ့သည့်အတွက် သဘာဝဘေးဒဏ်သင့်ဒေသများမှ တိရစ္ဆာန်များ လိုအပ်သည့်အစာအဟာရ ဖြည့်တင်းနိုင်ရန် တိရစ္ဆာန်အစာအိတ် (၃၀၀) အိတ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် စာပေစကားဝိုင်း ပြုလုပ်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတတက္ကသိုလ်၏ (၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄) ပညာသင်နှစ် လူငယ်သတင်းပတ် "Youth Affairs Week" ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Youth Affairs Week ၊ လူငယ်သတင်းပတ် ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး (T.S.D.P) အစီအစဉ်အရငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းအပြီးဆောင်ရွက်ပေး
Sep 06,2023
ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း(၂)စီမံချက်ဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေချင်းအပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းအပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်
Sep 06,2023
နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။