လှိုင်းဘွဲ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နာမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ မြို့မပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တခေမီဿရာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်၍ ရရှိနိုင်သည့် အကျိုးကျေးဇူးနှင့်ပတ်သက်သည့် တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)