ညောင်ဦး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးဝင်းအ တွင်း၌ စက်တင်ဘာ ၅ ရက်၊ နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမာပင်ကြီးလဲကျကာ ကလေးဖျားနာဆောင်ပေါ်နှင့် လူနာစောင့်နားနေဆောင်ပေါ်သို့ တမာပင်လဲကျနေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်များ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမာပင်လဲကျကာ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ကလေးဖျားနာဆောင်ပေါ်နှင့်လူနာစောင့် နားနေဆောင်ပေါ်သို့ တမာပင်လဲကျပိနေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အထောက်အကူပြု ယာဉ်(၁)စီးနှင့် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်(၇)ဦး၊ လူမှုကယ်ဆယ်ရေးယာဉ် (၁)စီးတို့ဖြင့် ကလေးဖျားနာဆောင်နှင့် လူနာစောင့်ဆောင်ပေါ်လဲကျနေသည့် တမာပင်အား ဖြတ်တောက်ကာရှင်း လင်းဖယ်ရှားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တမာပင်သည် နှစ်သက်တမ်း(၆၀)နှစ်ခန့်၊ ပင်စည်လုံးပတ်(၅)ပေပတ်လည်၊ အမြင့်ပေ (၅၀)ခန့်ရှိ တမာပင်သည် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားခိုင်မာမှုမရှိဘဲ အမြစ်ခြေမှလဲကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါတမာပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိဘဲ သွပ်ချပ်များသာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ဒီပါလင်း