ဟိုပုံး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်သည်။
စာပေစကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက အဖွင့်အမှာစကားပြောကြား ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ် နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိရေး၊ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေးစသည့် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းပြလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် စာပေစကားဝိုင်းသို့ တက်ရောက်လာသည့် ဟိုပုံးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်ပြည်သူများ၊ ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက ဒေါက်တာခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ်မှ ရေးသားတင်ပြမှုအစီအစဉ်များ၊ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များက ပေးစွမ်းသည့် စာပေရသများကို မိမိတို့၏ အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီး အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းဒေသ ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များအား လေ့လာကြည့်ရှခဲ့ကြပြီးနောက် ပအိုဝ်းဒေသဆိုင်ရာ ပြတိုက်ငယ်တို့တွင် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)