ပုလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းအပြီးဆောင်ရွက်ပေး

ပုလော စက်တင်ဘာ ၆

ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း(၂)စီမံချက်ဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေချင်းအပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းအပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်(၂)ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏လက်ဝယ်၌ ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်း၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးဝင်းဇာကျော်က ပြောကြားခဲ့သည်။

အဆိုပါ ပုလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျောင်းသား(၆၆)ဦး၊ ကျောင်းသူ(၉၇)ဦး၊ စုစုပေါင်း(၁၆၃)ဦးကို နေ့ချင်းအပြီး ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)