ပုဗ္ဗသီရိမြို့နယ်၌ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ ဆင်ဖြူရှင်ခန်းမ၌  (၂၄) ကြိမ်မြောက် မြန့်မာ့ရိုးရာယဉ်ကျေးမူဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပ မည့်နေရာအုပ်ချုပ်ရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေးအား ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နေပြည်တော်တိုင်းစစ်ဋ္ဌာနချုပ်မှ အုပ်ချုပ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးနေလင်းထွန်း၊ နေပြည်တော်တိုင်းစစ် ဋ္ဌာနချူပ် ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှူးကြီး သန်းနိုင်ထွဋ်၊ ပုဗ္ဗသီရိတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး​ အောင်​အောင်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်နိူင်ထူး၊ ပုဗ္ဗသီရိမြို့နယ် စစ်လက်နက်ပစ္စည်းတပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မော်သူရိန်၊ အဆင့်မြင့် ဆက်သွယ်ရေးတပ် တပ်ရင်းမှူးဒုတိယ ဗိုလ်မှူးကြီးဇေယျာထွေး၊ အမျိူးသားစာကြည့်တိုက် (နေပြည်တော်) ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ပြုံးပြုံးအေး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းမှအဖွင့်အမှာ စကားပြောကြား၍ တက်ရောက်လာသူများအား ပြိုင်ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီကိစ္စရပ်များ၊ ဆက်သွယ်ရေးကိစ္စရပ်များ​၊ ကျွေး​မွေး​ရေးကိစ္စရပ်များ၊ လုံခြုံ​ရေးကိစ္စရပ်များအား​ ဆွေး​နွေးခဲ့ကြရာ တက်ရောက်လာသူများမှ ပေါင်းစပ်လုပ်ကိုင်နိုင်​ရေး​ ဆွေး​နွေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)