တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

တောင်ငူ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်၁၇ ရက်နေ့မှစတင်၍ စာစစ်ဌာန()ခု၌ ဖြေဆိုခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်()နာရီအချိန်တွင် အဆိုပါစာစစ်ဌာနများဖြစ်သည့် အထက ()၊ အထက ()၊ အထက (လေးမိုင်)၊ အထက (နတ်စင်ကုန်း)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ကြေညာရာသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလာရောက်ကြည့်ရှုကြရာ ကျောင်းသူတစ်ဦး၏ မိဘတစ်ဦးအား တွေ့ဆုံမေးမြန်းရာတွင် ကျွန်တော် ဦးသန်းနိုင်လို့ခေါ်ပါတယ်။ ကျွန်တော့်သမီးကတော့ မဝေဦးခင်ဖြစ်ပါတယ်။ ပတင၂၉၉နဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ပါတယ်။ ဘယ်လိုပြောလို့ပြောရမှန်းမသိပါဘူးဗျာ...တစ်နှစ်ထဲနဲ့ နှစ်ချင်းပေါက်အောင်တော့ တအားပျော်တာပေါ့ဗျာ” ဟု ဝမ်းသာပီတိစကားသံကို ကြားရသည်။ တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၇၉၁)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၅၀.၆၁%) ရှိသည်။ ဂုဏ်ထူးရဦးရေတွင် (၄) ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၀)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၇၂၁)ဦးရှိကြောင်း သိရသည်။

ဂုဏ်ထူးရဘာသာရပ်အလိုက် အရေအတွက်တွင် မြန်မာစာဘာသာရပ်တွင် (၂)ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင် (၄)ဦး၊ သင်္ချာဘာသာရပ်တွင် (၈)ဦး၊ ဓာတုဗေဒဘာသာရပ်တွင် (၁၉)ဦး၊ ရူပဗေဒဘာသာရပ်တွင် (၃၂)ဦး၊ ဇီဝဗေဒဘာသာရပ်တွင် (၄၄)ဦး၊ ပထဝီဘာသာရပ်တွင် (၁)ဦး၊ ဘောဂဗေဒဘာသာရပ်တွင် (၁၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (ခရိုင် ပြန်/ဆက်)