ဒေါပုံ ဇူလိုင် ၂၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ဆူညံသံများကြောင့် နှောင့်ယှက်မှုမရှိစေရေးအတွက် ဇူလိုင် ၂၆ ရက် ည ၈ နာရီအချိန်ကစတင်ကာ ယမုံနာလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်းအရှေ့ဘက်တွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု(၃၁)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မြင့်ထွန်းနှင့် တပ်ဖွဲ့၀င်များ၊ မြို့မရဲစခန်းမှ တာ၀န်ရှိသူများပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အရက်သေစာသောက်စားမောင်းနှင်မှု ရှိ၊ မရှိနှင့် ညအချိန်ဆူညံသံများကြောင့် အများပြည်သူအနှောင့်အယှက်မဖြစ်စေရန် မော်တော်ယာဉ်များတွင် ပါဝါအိတ်ဇောတပ်မောင်းနှင်မှု ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)