မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုခြင်း သင်တန်းဆက်လက်ဖွင့်လှစ်

မြောင်းမြ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ဇူလိုင်လ ၂၈ ရက်နေ့နံနက်(၉:၃၀) အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အား တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအား ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။

၄င်းသင်တန်းအား မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပညာများကို မဲစာရင်းများမှန်ကန်တိကျစေရေးနှင့် မဲရုံဝန်ထမ်းများအဖြစ် ပါဝင်ကြရမည့်သူများအား စွမ်းရည်ပြည့်ဝစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းအား သင်တန်းအမှတ်စဥ်(၉)အဖြစ် ဆက်လက်သင်​​ကြားခဲ့ခြင်းဖြစ်ပြီး မြောင်းမြခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ဆရာ/မများ ပါဝင်သော သင်တန်းသားဦးရေ ၁၂၂ ဦးက တက်ရောက်လျက်သည်။ ယင်းသင်တန်းအား ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သင်တန်းအမှတ်စဥ်တစ်ခုလျှင်၂ ရက်နှုန်းဖြင့် သင်တန်းအမှတ်စဥ် (၁၁)အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)