ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထွက်ရှိ

ပေါက်ခေါင်း ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၆၃ ဦးရှိခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၁၈၈ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၄၀.၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ရာတွင် ၅ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၆)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် (၇) ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၂၂)ဦး ရှိကြောင်းသိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)