ဒေးဒရဲမြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာဆိုင်အရောင်းဆိုင်များအား စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) က သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ  ဓာတ်မြေသြဇာအရောင်းဆိုင် (၁၇) ဆိုင်ရှိ ဓာတ်မြေသြဇာအိတ်များ သိုလှောင်ထားရှိမှုနှင့် စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း