၂၀၂၃ ခုနှစ် (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင်    စက်တင်ဘာ  

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ဘောလီဘောအသင်းနှင့် ကျိုက်မရောမြို့နယ် ဘောလီဘောအသင်းတို့  ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြိုင်ပွဲအလိုက် အ​ကောင်းဆုံးအားကစား ထူးချွန်ဆုရရှိသူအား ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်​ကြီး ဦးမြတ်သွင်ကလည်း​ကောင်း၊ အသင်းလိုက်ပူးတွဲတတိယဆုရ​ ချောင်းဆုံမြို့နယ်အသင်းနှင့် ​ပေါင်မြို့နယ်အသင်းတို့အား စီးပွားရေးရာဝန်​ကြီး နိုင်လယိတမနှင့် လုံ​ခြုံ​ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းကောင်း၊ ဒုတိယဆုရကျိုက်မရောမြို့န​ယ်အသ​င်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တရားလွှတ်တော်တရားသူ​ကြီးချုပ် ဦးညီညီစိုးကလည်း​ကောင်း၊ ပထမဆုရ မော်လမြိုင်မြို့နယ်အသင်းအား ဆုတံဆိပ်၊​ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်းက လည်းကောင်း ဆုများအသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)