တိုက်ကြီး စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာကွယ်ရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်နှင့် တရားဥပဒေစိုးမိုးရေးစစ်ကြောင်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်တို့က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဉီးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးသည်။ ဆက်လက်ပြီး ပညာရေးစစ်ကြောင်းမှ လက်ထောက်ပညာရေးမှူး ဦးမိုးကျော်ဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်တို့က ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အုပ်ချုပ်ရေးနှင့်ကျန်းမာရေးစစ်ကြောင်းများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးသည်။
ထို့နောက် မလေးရှားဝိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံဖြိုးရေးအတွက် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)