မြန်အောင်၌ အခြေခံစားသောက်ကုန် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

မြန်အောင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန်ဖြစ်သော စားအုန်းဆီကို စျေးနှုန်းသက်သာစွာဖြင့် မြန်အောင် မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု ညောင်မြစ်ဆွဲကျေးရွာနှင့် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယမန်နေ့ နေ့လယ်က ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှုဖြင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့က စားအုန်းဆီရည်ညွှန်း စျေးတစ်ပိဿာ (၄၆၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သားနှုန်းဖြင့် စားအုန်းဆီ ပိဿာချိန် (၅၅၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ စားသုံးသူများ စနစ်တကျဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)