တန့်ယန်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ဆီစက်၊ ရေခဲစက်နှင့် မုန့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
အဆိုပါ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြည့်ရှုစစ်ဆေးအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိဌာနဆိုင်ရာများက အမှတ်(၁)ရပ်ကွက်အတွင်းရှိ “ဘုရင့်နောင်” ဆီစက်၊ “သီတာအောင်” ရေခဲစက်၊ “အိုကေ” မုန့်တိုက်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ မိမိ၏အကျိုးစီးပွားနှင့် အများပြည်သူတို့၏ ဝယ်ယူစားသုံးမှုကို မျှမျှတတဖြစ်စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ မီးဘေးအန္တရာယ် အထူးကရုပြုဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြား၍ လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)