သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 သံတွဲ စက်တင်ဘာ ၆

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအားလိုက်နာ၍ တာဝန်ထမ်းဆောင်စေရေး၊  မိမိတို့ရုံး အဆောက်အဦအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ကမ်းခြေသာယာ လှပရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် ထားရှိရန်နှင့်သံတွဲ- ဂွကားလမ်းပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများအား ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊  ကျေားတွင်း/ကျောင်းပြင် သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ထားပြီး ကျောင်းတက်ချိန်အတိုင်း ဖွင့်လှစ်ပညာသင်ကြားရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းက သံတွဲခရိုင်အတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးများ ရောက်ရှိပြီးဖြစ်သဖြင့် အသက် ၉ နှစ်မှ ၁၂အထိ မိန်းကလေးများအား ကျောင်းအခြေပြုထိုးနှံခြင်းအဖြစ် စက်တင်ဘာ ၁၈ ရက်မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူအခြေပြုထိုးနှံခြင်းအဖြစ် အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်နေ့အထိ ထိုးနှ့ပေးသွားမည်ဖြစ်ကြောင်း ပြေကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)