မိုင်းယန်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်တွင် ရောင်းချရန်ကန့်ကွက်သည့် ထုတ်ကုန်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်စုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးစိုင်းမောင်ထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးကျော်စိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့မှ မိုင်းယန်းမြို့မစျေးအတွင်းရှိ ဆိုင်ခန်းများ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး