ကျောက်ပန်းတောင်း စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရင်းနှီးမြှုတ်နှံမှုအစီအစဉ်အရ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ အစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး မျိုးမင်းက လုံခြုံရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက VDP စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းမှာကြားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဆောင်ရွက်ခွင့် ရရှိသည့် ကျေးရွာများမှ တာဝန်ရှိသူများအား ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ပြီး အခမ်းအနား ပထမပိုင်းအစီစဉ်ကို ရပ်နား လိုက်သည်။ ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် VDP ကျေးရွာကော်မတီ တာဝန်ရှိသူများအား တာဝန်ခံအင် ဂျင်နီယာ ဒေါ်အေးအေးအောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းမှာကြား၍ ကော်မတီဝင်များမှ သိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) အစီအစဉ်အရ၊ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၅၀ ဖြင့်၊ ကျေးရွာ(၁၀)ရွာ ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး၊ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်း၊ ဆိုလာစနစ်ဖြင့် ရေသန့်စင်စက် တည်ဆောက်ခြင်း အစရှိသည်တို့ကို ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အတွက်းရေးမှူး ရဲမှူး မျိုးမင်း၊ ကျေးလက်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာမှ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)