ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ခိုလမ်  စက်တင်ဘာ ၇

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁:၃၀) နာရီ အချိန်ကအ.မ.က(ခလရ၆၆)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်တွင် အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင် ဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်ရေးနှင့် အဖက်ဖက်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ် (၅၀) အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)