ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း‌ ဆောင်ရွက်

ခိုလမ်    စက်တင်ဘာ    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၁၀ နာရီ အချိန်တွင် အ.မ.က(ခလရ၆၆)ကျောင်း၌  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်ပေါ်လာပုံ၊  စာမတက်သူပပျောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)