မတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မတ္တရာ စက်တင်ဘာ ၇

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မတ္တရာမြို့ အမှတ်(၅) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (စလွန်ဖြူ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးဟိန်းမင်းထွန်းမှ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သောအကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား မေးခွန်းများဖြေဆိုစေခြင်း၊ ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဖြေဆို၊ မေးခွန်းမေးမြန်းသူများကို  အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပေးခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သောစာအုပ်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ခဲ့ပြီး ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)