ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Sep 07,2023
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ကယားပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။