ဝေါ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း က မြို့နယ်ဌာနဆိုင်ရာများ အတွင်း လုံခြုံရေး ကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားရန်၊ မြို့ပြကျေးလက်လမ်း တံတားတည်ဆောက်ရေးကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ပြည်သူ့ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားမည့်ကိစ္စများ၊ ပညာရေးကိစ္စရပ်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံ ပညာကျောင်းများနှင့်ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို အထူးသတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလု ပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် ဌာနဆိုင်ရာများ လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် အစရှိသော ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှာကြား ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရွှေသွေးနှင့် အတွင်းရေးမှူး မြို့နယ်ရဲ တပ်ဖွဲ့မှူးယာယီရဲမှူး ကျော်စိုးတို့က ဌာနဆိုင်ရာများ လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှာကြားပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနလုပ်ငန် လုပ်ငန်းဆွေးနွေးတင်ပြမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေး နွေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)