ရမ်းဗြဲ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့ စားသုံးဆီများအား သက်သာသော ဈေးနှုန်းဖြင့် လာရောက်ရောင်းချရာတွင် ရမ်းဗြဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး ဦးဆောင်၍ ရခိုင်ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်သန်းရွှေ ဦးဆောင်သောအဖွဲ့က စားသုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၇၀၀) နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းနှင့် စားသုံးဆီပိဿာ (၆၆၀) ကို (၇-၉-၂၀၂၃) ရက်နေ့မှ (၉-၉-၂၀၂၃) ရက်နေ့ထိ (၃) ရက်လာရောက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)